Showing posts with label 01. Show all posts
Showing posts with label 01. Show all posts

Friday, March 16, 2012

ဘယ်သူမှန်သလဲ

The Voice ဂျာနယ် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကမူ ယင်းတို့ရေးသားသည့် သတင်းမှာ ပြည်ထောင်စု စာရင်းစစ်ချုပ်မှ အောက်လွှတ်တော် ငွေစာရင်းကော်မတီသို့ ပေးပို့သော စာမျက်နှာ ၃၆ မျက်နှာပါ အစီရင်ခံစာပါ အချက်အလက်များကို ရယူရေးသားထားခြင်းဖြစ်ပြီး တိကျ ခိုင်လုံသည်ဟု မဇ္ဈိမကို ပြောသည်။

“ဒီသတင်း အချက်အလက်တွေ အားလုံးကလည်း ခိုင်မာတယ်၊ ကျနော်တို့မှာ အထောက်အလားလည်း ရှိတယ်။ စာရင်းစစ်ချုပ်ရုံးရဲ့ ၃၆ မျက်နှာရှိတဲ့ အစီရင်ခံစာအားလုံး ကျနော်တို့အားလုံး ရထားတယ်။ ကျနော်တို့ ရေးထားတာက အစီရင်ခံစာ အသေးစိတ်တောင် ကျနော်တို့ ရေးမထားဘူး။ အသေးစိတ်က ဒီ့ထက် ပြင်းထန်တယ်။” ဟု ဦးကျော်မင်းဆွေက ပြောသည်။